MPT ငွေတောင်းခံလွှာများအား Mobile Banking ဖြင့် စတင်ပေးချေနိုင်

MPT ကြိုးဖုန်းတွေ၊ ADSL နဲ့ FTTH အပါအဝင် Postpaid Mobile အသုံးပြုသူတွေအတွက် Mobile Banking နဲ့ ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒါအပြင် MPT က ထုတ်ပေးတဲ့ပြေစာ စာရွက်နဲ့ KBZ Bank နဲ့ CB Bank တို့မှာ ချက်လက် မှတ် (သို့) ငွေသားပေးသွင်းပြီး ငွေပေးချေမှုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။

Mobile Banking စနစ်အတွက် စမတ်ဖုန်းနဲ့ တက်ဘလက်တွေကနေတစ်ဆင့် သုံးစွဲသူ Banking အကောင့် အတွင်း ဝင်ရောက်ကာ MPT ဖုန်းဘီလ်အတွက် အသေးစိတ် အချက်အလက်တွေကို ဖြည့်သွင်းကာ ငွေပေးချေမှု ကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ KBZ Mobile Banking နဲ့ CB Mobile Banking စနစ်ဖြင့်သာ လက်ရှိမှာ ဘီလ်တွေကို ပေးဆောင်နိုင်တယ်လို့ သိရပါတယ်။

“MPT Postpaid အသုံးပြုသူတွေအတွက် နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ KBZ Bank, CB Bank စုစုပေါင်း ဘဏ်ခွဲ ၇၀၀ ကျော်ကွန်ရက်တွေနဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်တဲ့အတွက် လျှင်မြန်စွာ ဖုန်းဘေလ်ပေး ဆောင်နိုင် မှာပါ” လို့ MPT-KSGM Joint Operation ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umada ကပြောကြားခဲ့ပါတယ်။ ADSL နဲ့ FTTH အသုံးပြု သူတွေအတွက်လည်း ဘီလ်ပေးဆောင်မှုကို ဘဏ်နဲ့ချိတ်ဆက် ပေးဆောင်နိုင်သလို Mobile Banking စနစ်နဲ့ ပေးဆောင်နိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

-အောင်သက်ကို