ပဲခူးတိုင်းဒေသကြီး တိုင်းပါတီဥက္ကဌအုတ်တွင်းမြို့နယ်ရှိ မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ၏ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီကော်မတီတိုင်းဒေသကြီးပါတီ တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များသည် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခမ်းမတွင် မြို့နယ်ပါတီ၏တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည် ။ တွေ့ဆုံခဲ့ပွဲသို့ တိုင်းဒေသကြီးပါတီ၏တာဝန်ရှိသူများ ၊ တောင်ငူခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ကော်မတီဝင်များ ၊ အုတ်တွင်းမြို့နယ်ပါတီဥက္ကဌနှင့်မြို့နယ်ကော်မတီဝင်များ ၊ အရံကော်မတီဝင်များ ၊ လူငယ်ရေးရာကော်မတီဝင်များ ၊ အမျိုးသမီးရေးရာကော်မတီဝင်များ ၊ ရေးရာကဏ္ဍအလိုက် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည် ။ ရှေးဦးစွာ တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်းမှ ပါတီမှဖော်ဆောင်လှုပ်ရှားနေသော လုပ်ငန်းစဥ်များ ၊ ရက်ပေါင်း ၉၀ ပါတီ၏လုပ်ငန်းစီမံချက် ၊ ရေးရာကဏ္ဍအလိုက်ဖော်ဆောင်နေမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အကျယ်တဝင့် ပြောကြားခဲ့သည် ။ အစီအ စဉ်အရ  တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်နိုင်မှ နယ်မြေကွင်းဆင်းထိတွေ့ရာတွင် ဆင်ခြင်သတိချပ်ရမည့်ကိစ္စရပ်များ ၊ လုပ်ငန်းများဖော်ဆောင် ရာတွင် သတိပြုရမည့်ကိစ္စရပ်များအားပြောကြားခဲ့သည် ။ တောင်ငူခရိုင်ပါတီဥက္ကဌ ဦးကျော်ဌေးမှ ခရိုင်ပါတီ၏ ခရိုင်အတွင်းလှုပ်ရှားဆောင်ရွှက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် မြို့နယ်ပါတီဥက္ကဌ ဦးဝင်းမြင့် မှ အုတ်တွင်းမြို့နယ်ပါတီ၏စုဖွဲ့ထားရှိမှု ၊ လုပ်ငန်းစီမံချက်များဖော်ဆောင်နေမှု မြေပြင်အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ တက်ရောက်လာကြသော အုတ်တွင်းမြို့နယ်ပါတီ၏ တာဝန်ရှိသူများမှရေးရာ ကဏ္ဍအလိုက်ပါတီလုပ်ငန်းများ ဖော်ဆောင်နေမှုမြေပြင်အခြေအနေများ လုံခြုံရေးဆိုင်ကိစ္စရပ်များ အခြေခံ ပါတီဝင်များ၏အမှာစကားများအားအသီးသီးတင်ပြဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် တိုင်း ၊ ခရိုင် ၊ မြို့နယ် ပါတီ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းခြင်း ဆွေးနွေးခြင်း ပေါင်းစပ်ညှိနှိုင်းခြင်း သဘောတူညီစွာ အစည်းအဝေး ဆုံဖြတ်ချက်ချခြင်းများအားဆောင်ရွှက်ခဲ့သည် ။ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီဗဟို၏ လမ်းညွန်ချက် ဖြစ်သော သုံးလတာ ရက်ပေါင်း ၉၀ လုပ်ငန်းစီမံချက်များအား ရာနှုန်းပြည့်အောင်မြင်စွာ ပြီးစီးနိုင်ရေး အတွက် ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိပါတီဝင်များနှင့် စဥ်ဆက်မပြတ်ထိတွေ့ဆောင်ရွှက်လျှက် ရှိသည်။