ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုနယ်မြေပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင် လူငယ်တာဝန်ခံများတွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင် ဗဟိုလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ဦး၊ ဗဟိုလူငယ်ရေးရာကော်မတီအတွင်းရေးမှူးဦးတင့်ဇော်၊ ဗဟိုလူငယ် ရေးရာကော်မတီအဖွဲ့ဝင် ဦးလှထွန်းဦး၊   ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်း ရေးမှူးဦးဌေးဝင်း၊အရန်ဗဟိုကော်မတီဝင်ပြည်ထောင်စုနယ်မြေပါတီ လူငယ်တာဝန်ခံ ဦးနိုင်လင်းသောင်းနှင့် ပြည်ထောင်စုနယ်မြေပါတီ    ကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင် နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ နေပြည်တော် ရှစ်မြို့ နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင် လူငယ်တာဝန်ခံများ နှင့် လူငယ်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့်တက်ရောက် ခဲ့ကြသည်။

အခမ်းအနားကို အစီအစဉ်ရှစ်ရပ်ဖြင့် ကျင်းပ၍ နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ဦးက အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ဗဟိုလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးတင့်ဇော်က အမှာစကားပြောကြား၍လည်းကောင်း၊ ဗဟိုကော်မတီဝင်ဦးလှထွန်းဦးက လူငယ်ရေးရာလှုပ်ရှားမှုများဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေပါတီအတွင်းရေးမှူးဦးဌေးဝင်းက ပြည်ထောင်စုနယ်မြေပါတီ လူငယ်လှုပ်ရှားမှုနှင့်ပတ်သက်၍      ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်ရန်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်များအလိုက် လူငယ်တာဝန်ခံ များက အသီးသီးဆွေးနွေးတင်ပြကြရာ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြတ်ဦးက ပြန်လည်ရှင်းလင်းဖြည့်စွက်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁၂ နာရီ ခွဲတွင် အခမ်းအနား      အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)