Covid-19 ဥပဒေနှင့်အညီ ပြည်သူများ၏ ကျန်းမားရေးကို အလေးထားပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျူချောင် ကျေးရွာသို့ မဲဆွယ်စည်းရုံး

ကျိုက်ထို၊ အောက်တိုဘာ ၁၄
ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့ မနက် ၈ နာရီ အချိန်မှ စတင်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျူချောင်ကျေးရွာသို့ COVID-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း Door to Door လက်ကမ်းစာစောင်များ ဝေငှ၍ ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ phyo wai san