စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ ရပ်မိ/ဖများနှင့် တွေ့ဆုံခြင်း

(၁၂.၁.၂၀၂၃)ရက်နေ့ နေ့လည်(၁၂)နာရီမှ (၁း၃၀)နာရီအချိန်ထိ စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် ပါတီဥက္ကဌ ဦးဝင်းဆွေနှင့်မြို့နယ်ပါတီကော်မတီဝင် ဦးမောင်ကျော်တို့သည် ထုံးကြီးကျေးရွာအုပ်စု စားကျက်ကလေး ကျေးရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံပါတီဝင်များ ရပ်မိ/ဖများ ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဌ ဦးဝင်းဆွေမှ တက်ရောက်လာသူများအား ၂၀၂၃ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PRစနစ် အကြောင်း ရှင်းလင်းခြင်း။ ယခု ပြည်ခိုင်ဖြိုးပါတီမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း။ ပါတီဝင်အသစ်များတိုးပွားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။