ဒဂုံ(တောင်)ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ဧပြီ (၂၂) ရက် နံနက် ၉နာရီခွဲ၌ ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ နှစ်စဉ်လှူဒါန်းသော အသက် (၁ဝဝ)ကျော် အဘွားနှစ်ဦး၊ အသက်(၉ဝ)ကျော် သုံးဦးနှင့် အမျိုးသမီး ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ လစဉ် ထောက်ပံ့ထားသော ပြုစုစောင့် ရှောက်သူမဲ့ အဘိုးအဘွား ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၈ဦးတို့အား အလှူငွေများ၊ အစား အသောက်နှင့် အသုံးအဆောင်များ လှူဒါန်းကန်တော့ခဲ့သည်။

အဆိုပါပူဇော်ကန်တော့ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီနာယက ဒေါက်တာ ခင်မောင်ထွန်း နှင့်ဇနီး ဒေါ်ဥမ္မာသန်း၊ ခရိုင်နယ် မြေတာဝန်ခံ ဦးဝဏ္ဏမျိုး၊ ဒဂုံ(တောင်)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ဇနီး၊ မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့၊ ဒဂုံ(တောင်) ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီ ခေါင်းဆောင်များ နှင့်ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီမှ မျိုးဆက် အားမာန် ပရဟိတအဖွဲ့၊ အမျိုးသမီးထုအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား ၁၅၈ ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ၁နာရီခွဲတွင် ရုပ်သိမ်းကာ သက်ကြီး ပူဇော်ကန်တော့ပွဲ ပြီးဆုံးပြီးနောက် ကန်တော့ခံ အဘိုး အဘွား ၁၈ဦးနှင့် တက်ရောက်သူအားလုံးတို့အား နေ့လယ်စာထမင်း ဟင်း တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

အောင်ကျော်စိုး(ဒဂုံတောင်)