ဇေယျာသီရိ မြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ တက်ရောက်အားပေး
ဇေယျာသီရိမြို့နယ် ရွှေပေးရွာ ၊စက်ကုန်းရွာ၊ အင်းသာရွာတို့တွင် ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင် တက်ရောက်အားပေးကာ ကျွန်ပျိုးပင်အား စိုက်ပျိုးပေးခဲ့ပြီး ပါတီဝင် လူငယ်များအား ရင်းနှီးခင်မင်စွာ လိုက်လံနှတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ဇေယျာသီရိမြို့နယ် လူငယ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျွန်းပျိုးပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့
ဇေယျာသီရိ မြို့နယ် ရှိ ရွှေပေးရွာ ၊စက်ကုန်းရွာ၊ အင်းသာရွာတို့မှ ကျေးရွာသူကျေးရွာသားများ၊ ပြည်ထောင်စုနယ်မြေ ပါတီလူငယ်များ စုစုပေါင်း ၃၀၀ ဦးတက်ရောက်ကြသည်။