ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်သစ်ဖွင့်ပွဲနှင့် ခရိုင်ပါတီဆိုင်းဘုတ် တင်ပွဲ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ခရိုင်သစ်ဖွင့်ပွဲနှင့် ခရိုင် ဆိုင်းဘုတ် တင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။  အဆိုပါ ခရိုင်သစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲကို ယနေ့ မနက် ၉ နာရီအချိန်၌ ပုဗ္ဗသီရိမြို့နယ် ပါတီရုံးတွင်လည်းကောင်း၊ နံနက် ၁၀:၃၀ အချိန်တွင် ဥတ္တရသီရိမြို့နယ်ပါတီရုံး၌ လည်းကောင်း ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုနယ်မြေဥက္ကဌဦးလှဆွေနှင့်အတူ မြို့နယ်အလုပ် အမှု့ဆောင် ကော်မတီဝင်များ၊ ခရိုင်း/တိုင်း ကော်မတီဝင်များ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပခဲ့ကြသည်။ ၄င်းခရိုင်သစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲသို့ ပြည်ထောင်စုနယ်မြေဥက္ကဌဦးလှဆွေ နှင့်အတူတိုင်းပါတီ နာယကများ ၊ တိုင်းအတွင်းရေးမှုးနှင့် တိုင်းခရိုင်မြို့နယ်ကော်မတီဝင်များ အင်အား ၅၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။