ပုဗ္ဗသီရိမြု့နယ် ဥယျာဉ်အုပ်စု၊ ဥယျာဉ်ကျေးရွာ ရပ်ကျေးပါတီဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

၁၆-၁၂-၂၀၂၂ ရက် နေ့လည် ၁၃:၃၀ မှ ၁၄:၃၀ထိ အဆိုပါဆိုင်းဘုတ်တင်ပွဲကို ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌ ဦးလှဆွေ၊ ဇေယျာသီရိခရိုင်ဥက္ကဌ ဦးနွေနှင်းမောင်၊ ခရိုင်ကော်မတီဝင်ဦးချစ်ဝေ ပုဗ္ဗသီရိမြို့နယ် ပါတီဥက္ကဌဒေါ်ခိုင်ခိုင်ထွေးနှင့် မြို့နယ်ကော်မတီဝင်မျာ းကျေးရွာနေ ပြည်သူအင်အား ၁၀၀ဦး တက်ရောက် ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဌမှ PRစနစ်အကြောင်းကို ပြည်သူများသိရှိစေရန် အသေးစိတ် ရှင်းလင်း ပြောကြားခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးများကို ဦးစားပေးဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။