ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တပ်မတော်အရိုးအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)တွင် အလှူငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ (၇၈)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က တပ်မတော်အရိုးအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်မောင်စိုး မှ အလှူငွေလှူဒါန်းရခြင်းနှင့် ပက်သက်၍အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အလှူငွေကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ တပ်မတော်အရိုးအထူးကုဆေးရုံကြီးမှ တပ်မှူးဗိုလ်မှူးချုပ်ကျော်ဇင်ညွန့်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ၁ဝ:၃ဝ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး၊ တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌတို့ တက်ရောက်ခဲ့ကြပါသည်။