‌​စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြို အမျိုးသမီး နှီးနှောဖလှယ်ပွဲကျင်းပ

 

စဥ့်ကိုင်၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်​၊ မြို့နယ်ပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံ အကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်ကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင်သဘာပတိ အဖွဲ့မှနေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ကော်မတီဝင် ကျောက်ဆည်ခရိုင်တာဝန်ခံ ဒေါ်သိဂီ င်္အောင်က အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပါတီ​ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်က ဗဟိုအမျိုးသမီးညီလာခံအကြို ​စဥ့်ကိုင်မြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ်ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့သည်။
အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များ အနေဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်း လေးစောင်အား တင်သွင်းနိုင်ရန်အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ် တတိယပိုင်းကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက်မှတ်တမ်းတင်
ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေးစာတမ်းကို ​စဥ့်ကိုင်မြို့ နယ် မီးသွေးဘုတ်ကျးရွာအုပ်စုမှ ဒေါ်နီနီလှိုင်က လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကိုတရုတ်စုရပ်ကွက်မှ ဒေါ်ခင်ယွန်းစန္ဒီအောင်က လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်ဇာတိ ဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေး စာတမ်းကို သင်္ဂတုန်အုပ်စုမှ ဒေါ်ဖြိုးမမက လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး စာတမ်းကိုရန်နိုင်ရပ်ကွက် ပါတီဝင်ဒေါ်သဇင်လွင်လွင်ဦးက လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။
‌ထို့နောက် ​စဥ့်ကိုင်မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မြို့ နယ်ပါတီဥက္ကဌဦးကြည်ပြုံးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။
‌အခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော်မတီ ကျောက်ဆည်ခရိုင်နယ်မြေတာဝန်ခံ ဒေါ်သိဂီ င်္အောင် ၊ ကျောက်ဆည်ခရိုင် ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌနှင့်အဖွဲ့ ဝင်များ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား (၃၅၀) ဦးခန့်​ တက်ရောက်ခဲ့ကြောင်းသိရသည်။

Usdp Sintgaing