ဒုတိယအကြိမ်မြောက်အခြေခံစားသောက်ကုန်ထောက်ပံ့
မကွေးတိုင်းဒေသကြီး၊ချောက် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယအကြိမ် အခြေခံ စားသောက်ကုန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအားယနေ့နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ချောက်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းနိုင်ဦး ချောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းလှိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဖေသန့်ဇော် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များမှ အိမ်ထောင်စု (၂၄၀) ဦးအား တစ်ဦးလျှင် ဆန် (၂) ပြည်၊ဆီ (၅၀)သား ငါးသေတ္တာ (၂) ဗူး ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရပါ သည်။