စစ်ကိုင်းတိုင်းဒေသကြီးခရိုင်/မြို့နယ်ဥက္ကဋ္ဌများ Zoom Meeting အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး /ခရိုင်/မြို့နယ် ပါတီဥက္ကဌများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို(၁၆-၁၂-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် Zoom Meetingဖြင့် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးမင်းမင်းဇေယျာမြင့်နှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင် (၈) ခရိုင်နှင့် မြို့နယ်(၃၃)မြို့နယ်မှပါတီဥက္ကဌများတက်ရောက်ဆွေးနွေးကြပါသည်။ အစည်းအဝေးတွင် အဓိကဆွေးနွေးဆောင်ရွက်သည်မှာ ပါတီဝင်များ၏လုံခြုံရေး၊ ရုံးများပြန်လည်ဖွင့်လှစ်ရေး၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) စနစ်အားသိရှိနားလည်ရေးနှင့် ရက်(၉၀)စီမံချက်အားတတ်နိုင်မျှဆောင်ရွက်ရေး တို့ကိုဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီးအစည်းအဝေးကိုနေ့လည်(၁၄:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။