ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင်များနှင့် ခရိုင်ဥက္ကဌများတွေ့ဆုံ၍ လူငယ်ရေးရာ ကိစ္စများ အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူငယ်ရေးရာကိစ္စများ အစည်းအဝေးကို ယနေ့ (၂၁.၁၁.၂၀၂၂) နေ့လည်(၁၃:၃၀) အချိန်က တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး၌ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ တိုင်းကော်မတီဝင် ဦးတင်မောင်ဝင်းတို့မှ လူငယ်ရေးရာကိစ္စများ ဆွေးနွေးပြောကြား ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်ဥက္ကဌများက ခရိုင်အလိုက် ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပြီး ၄င်းအခမ်းအနားအား မွန်းလွဲ(၁၄:၄၀)အချိန်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။ အစည်းအဝေး သို့ပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်းဒေသကြီး တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင် များ ခရိုင်ပါတီဥက္ကဋ္ဌများ၊ခရိုင်လူငယ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။