နယ်မြေကွင်းဆင်း၍ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

16-12- 2022 ရက်နေ့ နေ့လည် 1:00 အချိန်.. တပ်ကုန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ညောင်ကိုင်းကျေးရွာ အုပ်စု lမကျီးပင် ကျေးရွာ အုပ်စု များတွင် ရေ​နွေးကြမ်း စကားဝိုင်းကျင်းပခဲ့ပါသည် ။ စကားဝိုင်း သို့ ပါတီ ဗဟိုကော်မတီဝင် ဦးကျော်ကျော်လတ် ၊ ဥတ္တရခရိုင်ပါတီ ကော်မတီဝင် ဦးဝင်းဘို  မြို့နယ်ပါတီဥက္ကဌ ဦးဇော်မျိုးသိန်းနှင် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်လူငယ်များ ရပ်ကျေးပါတီဝင် အမျိုးသမီးများ တက်ရောက်ခဲ့ကြပြီး PRစနစ်နှင့်ပါတ်သက်၍ ရှင်းလင်းခြင်း လူငယ်အမာခံများ ဖွဲ့စည်းရေး ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း အတွက် ပါတီမှ ဆောင်ရွက်ပေးမည့် အကြောင်းရှင်လင်းခြင်း များ ဆောင်ရွက်ပြီး ညနေ 4:00ခန့်တွင် စကားဝိုင်း ကိုရုပ်သိမ်းခဲ့ပါသည်။