ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ သံတွဲ၊ တောင်ကုတ် ခရိုင်၊မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေသည် သံတွခရိုင်ပါတီ၊ တောင်ကုတ်ခရိုင်ပါတီကော်မတီဝင်များ၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။ ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက သံတွဲမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် သံတွဲခရိုင်ပါတီကော်မတီဝင်များ၊ သံတွဲမြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေက ပါတီဌာနချုပ်မှ ညွှန်ကြားထားသော လမ်းညွှန်ချက်များ၊ ရက်( ၉၀) စီမံချက်ပါ ပါတီလုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်နိုင်ရေး ကိစ္စရပ်များ၊ ပါတီဝင်အင်အား စီစစ်ရေးနှင့်တိုး ပွားရေးဆိုင်ရာကိစ္စရပါများ၊ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းနှင့် ပါတီ၏ ရှေ့ဆက်လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ပါတီတီတွင်း စည်းလုံးညီညွတ်ရေးဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိတို့လုပ်ဆောင်ချက်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်လည် ဖြေကြားခဲ့သည်။ ၎င်းနည်းတူ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေသည် တောင်ကုတ်ခရိုင်ပါတီကော်မတီဝင်များ၊ တောင်ကုတ်မြို့နယ်ပါတီကော်မတီဝင်များနှင့် တောင်ကုတ် မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲများကို ရခိုင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးသန်းဝေနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။