၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တက်ရောက်

၄၈နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ပြုလုပ်ကျင်းပရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တက်ရောက်ခဲ့သည်။ ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော ရခိုင်ပြည်နယ်နေ့ အခမ်းအနားအား နံနက် ၈ နာရီက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)မှ တက်ရောက် ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်မှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။