ပြည်ထောင်စုနယ်မြေ မြို့နယ်ပါတီကော်မတီဝင်သစ်လွင်များ တာဝန်ပေးအပ်

 

ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး (ပြည်ထောင်စုနယ်မြေ) တွင် ပြည်ထောင်စုနယ်မြေ မြို့နယ် ပါတီကော်မတီဝင်သစ်လွင်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ အခမ်း အနားသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီနာယကများဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးခင်မောင်ဌေးနှင့် ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝေလွင်က ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပြည်ထောင်စုနယ်မြေ နာယကများဖြစ်ကြသော ဦးသိန်းညွန့်နှင့် ဦးမှတ်ကြီးတို့က အမှာစကားများပြောကြားပြီး ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်းကကြားဖြတ်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌက မြို့နယ်အလိုက် တာဝန်ပေးအပ်လွှာများအား တစ်ဦးချင်းစီပေးအပ် ခဲ့သည်။ ပြည်ထောင်စုနယ်မြေပါတီမှ မြို့နယ် ပါတီကော်မတီဝင်များအဖြစ်ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးသုံးဦး၊ ဘဏ္ဍာရေးမှူးလေးဦး၊ မြို့နယ်ကော်မတီဝင် ၃၁ဦး၊ အရန်မြို့နယ် ကော်မတီဝင်၃၈ဦး၊ စုစုပေါင်း၇၇ဦး စိစစ်ရွေးချယ်တာဝန်ပေးခဲ့ရာတွင် တာဝန်ပေးခံရ သူများက ၄င်းတို့၏ခံယူချက်၊ဆန္ဒသဘောထားများကို ပြန်လည်တင်ပြဆွေးနွေးပြောကြား ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီတွင် အခမ်းအနားအား ကေသရာဇာခြသေ့င်္သီချင်းဖြင့် ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။

ပေါ်ဦး