ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး တန့်ဆည်မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၃ နာရီတွင် တန့်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ကျင်းပသော ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်အတွင်းရှိ ရပ်/ ကျေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။အဆိုပါတွေ့ဆုံပွဲသို့ ပါတီ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၈၉ ဦး တက်ရောက်ကြသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသ ကြီးတာဝန်ခံ ဦးမြင့်စိုး ကလက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါတီစည်းရုံးရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက် နိုင်ရေး ဆက်လက်ဆွေးနွေးပြောကြားသည်။ထို့နောက် တန့်ဆည်မြို့နယ် ပါတီအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက မြို့နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက်မှုများအား တင်ပြဆွေးနွေးပြီး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး ကြောင်း သိရသည်။

စိမ်းနိုင်(ဝက်လက်)