နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်မျိုးစုံ စုစုပေါင်း ၁၂၇ ဒသမ ၆၃၈၉ တန်၊ ယာဉ်/ယန္တရား ၁၂ စီးနှင့် ကျူးလွန်သူ ၂၄ ဦး ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ နေ ပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် သစ်မျိုးစုံ စုစုပေါင်း ၁၂၇ ဒသမ ၆၃၈၉ တန်၊ ယာဉ်/ယန္တရား ၁၂ စီးနှင့် ကျူး လွန်သူ ၂၄ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင် သစ်နှင့်သစ်တော ထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေ ပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Com-munity Monitoring and Reporting Sys-tem-CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၊ ပြည် နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန များက ပေးပို့သောစာရင်းများအရ တရား မဝင် ကျွန်း ၁၈ ဒသမ ၂၁၂၉ တန်၊ သစ်မာ ၂၁ ဒသမ ၃၀၄၄ တန်၊ အခြား ၈၈ ဒသမ ၁၂၁၆ တန်၊ စုစုပေါင်း ၁၂၇ ဒသမ ၆၃၈၉ တန်၊ ယာဉ်/ယန္တရား ၁၂ စီး၊ ကျူးလွန်သူ ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။