ထိုင်းနိုင်ငံ ခရိုင်နှစ်ခုတွင် တရားမဝင်မြန်မာအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်နှင့် ပရာ့ကျွတ်ခရိုင်တို့၌ သြဂုတ် ၂၀ ရက်ညပိုင်းက တရားမဝင်သွားရောက်သည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၃၈ ဦးဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Migrant Times သတင်းက ဖော်ပြထားသည်။ပရာ့ကျွတ်ခရိုင်အတွင်း မလေးရှားနိုင်ငံဘက်သို့ သွားရောက်မည့် မြန်မာအလုပ်သမား ၁၅ ဦးနှင့်ပွဲစားတစ်ဦးကို ထိုင်းစစ်တပ်ကဖမ်းဆီးခဲ့ပြီး ကန်ချနာဘူရီခရိုင်အတွင်း မြန်မာအလုပ်သမား ၂၃ ဦး ကိုလည်း ထိုင်းအာဏာပိုင်များ က ဖမ်းဆီးခဲ့ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဖမ်းဆီးခံရမှုမှာ ဆက်တိုက်ဖြစ်လာပြီး အများဆုံးမှာ ထိုင်း – မြန်မာနယ်စပ် ပရာ့ကျွတ် ၊ ကန္ခ်နာဘူရီ ၊ တာ့ခရိုင်များတွင် အများဆုံးဖြစ်ကြောင်း သိရသည်။သြဂုတ် ၂၀ ရက္က ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၂ ဦးနှင့်အမျိုးသမီး ခြောက်ဦးတိုဖြစ်ကာ ၎င်းတိုသည် မော်လမြိုင်၊ ပဲခူး၊ ကော့ကရိတ်၊ မုဒုံ ၊ ဘုရားသုံးဆူ ၊ ရခိုင်နှင့် ကရင်ပြည်နယ်တိုမှဖြစ်ပြီး ဘန်ကောက်၊ စမွတ်ပရာကန်၊ နွန်ထဘူရီ၊ နခွန်ပထုံနဲ့ ပရာကျင်ဘူရီမြို့များတွင် အလုပ်လုပ်ကိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲစခန်းများတွင်ဖမ်းဆီးထားပြီး ထိုင်းလူဝင်မှုကြီးကြပ် ရေးဥပဒေအရ အရေးယူမည်ဖြစ်ပြီး ယခုလအတွင်း တရားမဝင်မြန်မာအလုပ်သမား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

sdtimedaily