အိႏၵိယနိုင္ငံမွ ျမန္မာနိုင္ငံႏွင့္ လြတ္လပ္စြာ သြားလာေရး သေဘာတူညီခ်က္အား ဖ်က္သိမ္း

ေဖေဖာ္၀ါရီ ၉

အမ်ိဳးသားလုံျခဳံေရးႏွင့္ ျပည္တြင္းလုံျခဳံေရးအတြက္ ျမန္မာနိုင္ငံႏွင့္ ဆယ္စုႏွစ္မ်ားစြာ သက္တမ္းရွိ ဗီဇာကင္းလြတ္ သြားလာေရးမူဝါဒကို အဆုံးသတ္လိုက္ေၾကာင္း အိႏၵိယျပည္ထဲေရးဝန္ႀကီးဌာနက ေဖေဖာ္၀ါရီ ၈ ရက္ေန႔က ေၾကညာခဲ့ေၾကာင္း သိရသည္။

အိႏၵိယျပည္ထဲေရးဝန္ႀကီး Amit Shah က ယခင္က တြစ္တာလို႔ ေခၚသည့္ X မွာ ေၾကျငာခဲ့​ျခင္းျဖစ္ၿပီး အိႏၵိယသည္ ျမန္မာနိုင္ငံႏွင့္ နယ္စပ္တေလၽွာက္ ၿခံစည္းရိုးခတ္ဖို႔ႏွင့္ ကင္းလွည့္လမ္းေၾကာင္းေတြ တည္ေဆာက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။

ယခင္က နယ္စပ္တစ္ဖက္တစ္ခ်က္ရွိ ၁၆ ကီလိုမီတာ (၁၀ မိုင္) ဇုန္အတြင္း ေနထိုင္သူေတြကို ဗီဇာကင္းလြတ္ခြင့္ျပဳထားခဲ့ျခင္းျဖစ္ၿပီး အိႏၵိယနိုင္ငံ အေရွ႕ေျမာက္ပိုင္း ျပည္နယ္ေတြ၏ လူဦးေရ အခ်ိဳးအစားကို ထိန္းသိမ္းဖို႔ အိႏၵိယႏွင့္ ျမန္မာနိုင္ငံၾကား လြတ္လပ္စြာျဖတ္သန္းသြားလာခြင့္ကို ဖ်က္သိမ္းရန္ ျပည္ထဲေရးဝန္ႀကီးဌာနက ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမည္မေဖာ္လိုသည့္ အိႏၵိယ အစိုးရတာဝန္ရွိသူတစ္ဦးမွ “မူဝါဒကို ဖ်က္သိမ္းရန္ ဆုံးျဖတ္ခ်က္ကို ျမန္မာနိုင္ငံအား အေၾကာင္းၾကားရဦးမွာျဖစ္ေပမယ့္ ဆိုင္းငံ့မႈ ခ်က္ခ်င္းျဖစ္လာနိုင္တယ္” လို႔ ဆိုထားသည္။

ေအာက္တိုဘာလမွစတင္ၿပီး ျမန္မာ တပ္ဖြဲ႕ဝင္ ၇၀၀ ေက်ာ္ အိႏၵိယနိုင္ငံကို ေဘးကင္းစြာ ျဖတ္သန္းသြားလာနိုင္ေရးအတြက္ ဗီဇာကင္းလြတ္ခြင့္ကို အသုံးျပဳခဲ့ေၾကာင္း သိရသည္။

========

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံနှင့် လွတ်လပ်စွာ သွားလာရေး သဘောတူညီချက်အား ဖျက်သိမ်း

ဖေဖော်၀ါရီ ၉

အမျိုးသားလုံခြုံရေးနှင့် ပြည်တွင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံနှင့် ဆယ်စုနှစ်များစွာ သက်တမ်းရှိ ဗီဇာကင်းလွတ် သွားလာရေးမူဝါဒကို အဆုံးသတ်လိုက်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်၀ါရီ ၈ ရက်နေ့က ကြေညာခဲ့ကြောင်း သိရသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ယခင်က တွစ်တာလို့ ခေါ်သည့် X မှာ ကြေငြာခဲ့​ခြင်းဖြစ်ပြီး အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့နှင့် ကင်းလှည့်လမ်းကြောင်းတွေ တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခင်က နယ်စပ်တစ်ဖက်တစ်ချက်ရှိ ၁၆ ကီလိုမီတာ (၁၀ မိုင်) ဇုန်အတွင်း နေထိုင်သူတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တွေ၏ လူဦးရေ အချိုးအစားကို ထိန်းသိမ်းဖို့ အိန္ဒိယနှင့် မြန်မာနိုင်ငံကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသည့် အိန္ဒိယ အစိုးရတာဝန်ရှိသူတစ်ဦးမှ “မူဝါဒကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအား အကြောင်းကြားရဦးမှာဖြစ်ပေမယ့် ဆိုင်းငံ့မှု ချက်ချင်းဖြစ်လာနိုင်တယ်” လို့ ဆိုထားသည်။

အောက်တိုဘာလမှစတင်ပြီး မြန်မာ တပ်ဖွဲ့ဝင် ၇၀၀ ကျော် အိန္ဒိယနိုင်ငံကို ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဗီဇာကင်းလွတ်ခွင့်ကို အသုံးပြုခဲ့ကြောင်း သိရသည်။