ရီယက္ဒ္ ရာသီႀကိဳဖလားရရွိလာတဲ့ အယ္လ္ဟီလာ

ေဖေဖာ္ဝါရီ ၉

ယေန႔နံနက္ပိုင္းတြင္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရီယက္ဒ္ ရာသီႀကိဳဖလား ဗိုလ္လုပြဲတြင္ အယ္လ္ဟီလာအသင္းက ေရာ္နယ္ဒို၏ အယ္လ္နာဆာအသင္းကို ၂ ဂိုးျပတ္နဲ႔ အနိုင္ကစားၿပီး ရာသီႀကိဳဖလားကို ရရွိခဲ့ေၾကာင္း သိရပါတယ္။

အယ္လ္ဟီလာအသင္းဟာ ပထမဆုံးပြဲမွာ မက္ဆီရဲ့ အင္တာမိုင္ယာမီအသင္းကို ၄-၃ ဂိုးနဲ႔ အနိုင္ရရွိခဲ့ကာ ဗိုလ္လုပြဲမွာေတာ့ ေရာ္နယ္ဒိုရဲ့ အယ္လ္နာဆာအသင္းကို ႏွစ္ဂိုးျပတ္နဲ႔ အနိုင္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

အယ္လ္ဟီလာအသင္းအတြက္ မီလင္ကိုဗစ္ဆာဗစ္က တစ္ဂိုးသြင္းယူေပးနိုင္ခဲ့ၿပီး ပထမပိုင္းမွာကတည္းက ႏွစ္ဂိုးျပတ္နဲ႔ ဦးေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

အယ္လ္ဟီလာအသင္းဟာ အင္တာမိုင္ယာမီႏွင့္ အယ္လ္နာဆာ ႏွစ္သင္းစလုံးကို အနိုင္ယူၿပီး ဗိုလ္စြဲခဲ့ျခင္းျဖစ္ပါတယ္။

============

ရီယက်ဒ် ရာသီကြိုဖလားရရှိလာတဲ့ အယ်လ်ဟီလာ

ဖေဖော်ဝါရီ ၉

ယနေ့နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီယက်ဒ် ရာသီကြိုဖလား ဗိုလ်လုပွဲတွင် အယ်လ်ဟီလာအသင်းက ရော်နယ်ဒို၏ အယ်လ်နာဆာအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ရာသီကြိုဖလားကို ရရှိခဲ့ကြောင်း သိရပါတယ်။

အယ်လ်ဟီလာအသင်းဟာ ပထမဆုံးပွဲမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲမှာတော့ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အယ်လ်ဟီလာအသင်းအတွက် မီလင်ကိုဗစ်ဆာဗစ်က တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဟီလာအသင်းဟာ အင်တာမိုင်ယာမီနှင့် အယ်လ်နာဆာ နှစ်သင်းစလုံးကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။