2020 Swiss Cup ချန်ပီယံ ဖြစ်လာတဲ့ ယန်းဘွိုင်းစ်

၁၉၂၅ ခုနှစ်ကစပြီး စတင်ခဲ့တဲ့ Swiss Cup ပြိုင်ပွဲမှာ အအောင်မြင်ဆုံးက ဘေဆယ်ဖြစ်ပြီး (၁၃)ကြိမ်တိုင်တိုင် ရယူခဲ့ပေမဲ့ ယခု ၂၀၂၀ မှာတော့ ယန်းဘွိုင်းစ်ကို Swiss Cup လက်လွှဲပေးခဲ့ရပါတယ်။ ယန်းဘွိုင်းစ်အတွက်တော့ Swiss Cupကို (၇)ကြိမ်မြောက် ရရှိတာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ ဦးဆောင်ဂိုးကိုတော့ ဘေဆယ်ကစရခဲ့ပြီး၊ အိုမာ အယ်လ်ဒရီးထ်က ပွဲကစားချိန် ၄၂ မိနစ်မှာ အဖွင့် ဂိုးသွင်း ယူခဲ့ပါတယ်။ ယန်းဘွိုင်းစ်အတွက် ခြေပဂိုးကို မိနစ် ၅၀ မှာ ရွှန်း ပီယဲ ဆာမီကသွင်းယူခဲ့ကာ၊ ၈၉ မိနစ်မှာ မာဗင် စပိုင်လ်မန်းက အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။  -Ref:Skysports