အယ္လ္နာဆာအသင္းက မန္ယူေနာက္ခံလူ ဗာရန္းကို ေခၚယူရန္ စီစဥ္

ေဖေဖာ္ဝါရီ ၉

ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းဟာ မန္ယူအသင္းမွ ျပင္သစ္ဝါရင့္ေနာက္ခံလူ ဗာရန္းကို တစ္ႏွစ္ ေပါင္သန္း(၅၀)အထိေပးၿပီး ေခၚယူရန္ စီစဥ္ေနေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့ပါတယ္။

ဗာရန္း၏စာခ်ဳပ္၌ တစ္ႏွစ္သက္တမ္း တိုးခြင့္ရွိသည့္အခ်က္ ထည့္သြင္းထားေသာ္လည္း မန္ယူအသင္းက စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ရန္ ဆုံးျဖတ္ခဲ့ေသာေၾကာင့္ ရာသီကုန္တြင္ ေျပာင္းေရႊ႕ေၾကးအလြတ္ျဖင့္ ထြက္ခြာခြင့္ရွိေနၿပီး လက္ရွိတြင္ အေျပာင္းအေရႊ႕အတြက္ အျခားကလပ္မ်ားႏွင့္ လြတ္လပ္စြာ ေဆြးေႏြးခြင့္ရွိေနပါတယ္။

ဗာရန္းဟာ ၂၀၂၁ ခုႏွစ္တြင္ ရီးယဲလ္မက္ဒရစ္အသင္းမွ ေျပာင္းေရႊ႕လာၿပီးကတည္းက မန္ယူအသင္း၌ တစ္ပတ္လုပ္ခအျဖစ္ ေပါင္ (၃၄၀၀၀၀) ရရွိေနကာ အသင္း၏လစာအမ်ားဆုံးစာရင္းတြင္ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

==========

အယ်လ်နာဆာအသင်းက မန်ယူနောက်ခံလူ ဗာရန်းကို ခေါ်ယူရန် စီစဉ်

ဖေဖော်ဝါရီ ၉

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ မန်ယူအသင်းမှ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းကို တစ်နှစ် ပေါင်သန်း(၅၀)အထိပေးပြီး ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။

ဗာရန်း၏စာချုပ်၌ တစ်နှစ်သက်တမ်း တိုးခွင့်ရှိသည့်အချက် ထည့်သွင်းထားသော်လည်း မန်ယူအသင်းက စာချုပ်သစ် ထပ်မချုပ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေပြီး လက်ရှိတွင် အပြောင်းအရွှေ့အတွက် အခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိနေပါတယ်။

ဗာရန်းဟာ ၂၀၂၁ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့လာပြီးကတည်းက မန်ယူအသင်း၌ တစ်ပတ်လုပ်ခအဖြစ် ပေါင် (၃၄၀၀၀၀) ရရှိနေကာ အသင်း၏လစာအများဆုံးစာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်ပါတယ်။