ဂ်ပန္က ျမန္မာအလုပ္သမား ၁,၃၀၀ ေက်ာ္ေခၚယူမည္

ဇန္နဝါရီလ ၉

ဂ်ပန္ကုမၸဏီ ၄၀၀ ေက်ာ္က ျမန္မာအလုပ္သမားဦးေရ ၁,၃၀၀ ေက်ာ္ေခၚယူဖို႔ ကမ္းလွမ္းထားတယ္လို႔ ဂ်ပန္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားပါတယ္။ ျမန္မာသံ႐ုံးကို ဇန္နဝါရီလ ၁၆ ရက္ကေန ၃၁ ရက္အတြင္း ေပးပို႔လာတဲ့ အလုပ္ကမ္းလွမ္းစာေတြအရ ဂ်ပန္ကုမၸဏီ ၄၀၀ ေက်ာ္က ျမန္မာ အလုပ္သမား ၁,၃၀၀ ေက်ာ္ ေခၚယူမွာျဖစ္တယ္လို႔ သိရပါတယ္။
တိုက်ိဳၿမိဳ႕က ျမန္မာသံ႐ုံးအေနနဲ႔ အလုပ္သမားဝန္ႀကီးဌာနက နိုင္ငံျခားေရးဝန္ႀကီးဌာနကတစ္ဆင့္ ေပးပို႔ လာတဲ့ အလုပ္ကမ္းလွမ္းစာေတြကို စိစစ္ေဆာင္ရြက္ေပးေနတယ္လို႔လည္း ဆိုပါတယ္။ အဲဒီလိုေဆာင္ရြက္ရာမွာ ဂ်ပန္နိုင္ငံက အလုပ္သမားႀကီးၾကပ္ေရးကုမၸဏီနဲ႔ အလုပ္ေခၚယူတဲ့ စက္႐ုံ၊ ကုမၸဏီ ေတြက ဂ်ပန္နိုင္ငံမွာ တရားဝင္ တည္ေထာင္ထားျခင္းရွိမရွိ စာရြက္စာတမ္းအေထာက္အထားမ်ားကို စိစစ္ၿပီး စိစစ္ေတြ႕ရွိခ်က္ေတြ၊ သေဘာထားမွတ္ခ်က္ေတြကို နိုင္ငံျခားေရးဝန္ႀကီးဌာနကေန တစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ ေပးပို႔ေနရတာ ျဖစ္တယ္လို႔ သိရပါတယ္။

=========

“ဂျပန်က မြန်မာအလုပ်သမား ၁,၃၀၀ ကျော်ခေါ်ယူမည်”

ဇန်နဝါရီလ ၉

ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမားဦးရေ ၁,၃၀၀ ကျော်ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ မြန်မာသံရုံးကို ဇန်နဝါရီလ ၁၆ ရက်ကနေ ၃၁ ရက်အတွင်း ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာတွေအရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
တိုကျိုမြို့က မြန်မာသံရုံးအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပေးပို့ လာတဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီ တွေက ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားခြင်းရှိမရှိ စာရွက်စာတမ်းအထောက်အထားများကို စိစစ်ပြီး စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။