ပါကစၥတန္မွာ ေရြးေကာက္ပြဲတစ္ရက္အလို ကိုယ္စားလွယ္ေလာင္းေတြရဲ့ ႐ုံးေတြအနီး ဗုံးေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့တာေၾကာင့္ လူ ၂၀ ေက်ာ္ ‌ေ-သဆုံး

ပါကစၥတန္နိုင္ငံ အေနာက္ ေတာင္ပိုင္း ဘာလူခ်စၥတန္ျပည္နယ္မွာ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေတြရဲ့ ႐ုံးေတြအနီး ဗုံးေပါက္ကြဲမႈႏွစ္ႀကိမ္ျဖစ္ခဲ့တာေၾကာင့္ လူ ၂၆ ဦး ‌ေ-သဆုံးကာ ဒါဇင္ခ်ီ ဒဏ္ရာရခဲ့တယ္လို႔ ေဒသဆိုင္ရာ တာဝန္ရွိသူေတြ ေဖေဖာ္ဝါရီ ၇ ရက္မွာ ေျပာဆိုပါတယ္။ အေထြေထြ ေရြးေကာက္ပြဲမတိုင္ခင္ တစ္ရက္အလို အဆိုပါေပါက္ကြဲမႈေတြေၾကာင့္ လုံျခဳံေရးဆိုင္ရာ စိုးရိမ္ရမႈေတြ ျမင့္တက္ေစခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ အနိုင္ရခဲ့ၿပီး လက္ရွိမွာ အက်ဥ္းက်ေနတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း အီမရန္ခန္ရဲ့ ျဖစ္စဥ္နဲ႔ မၾကာခင္လေတြအတြင္းက စစ္ေသြးႂကြေတြရဲ့ တိုက္ခိုက္မႈေတြ ျမင့္တက္လာတဲ့အေျခအေနအတြင္း ေဖေဖာ္ဝါရီ ၈ ရက္မွာ ပါကစၥတန္နိုင္ငံသားေတြ မဲေပးၾကရမွာျဖစ္ပါတယ္။
အာဏာပိုင္ေတြကေတာ့ မဲ႐ုံေတြမွာ သူတို႔ လုံျခဳံေရး တိုးျမႇင့္ခ်ထားေၾကာင္း ေျပာဆိုပါတယ္။
ပထမဆုံး ဗုံးခြဲတိုက္ခိုက္မႈဟာ ပီရွင္းခရိုင္က တစ္သီးပုဂၢလ ေရြးေကာက္ခံကိုယ္စားလွယ္တစ္ဦးရဲ့ ႐ုံးမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ယင္းမွာ လူ ၁၄ ဦး ‌ေ-သဆုံးခဲ့ပါတယ္။ ဒုတိယေပါက္ကြဲမႈကေတာ့ အာဖဂန္နယ္စပ္အနီးက Qilla Saifullah ၿမိဳ႕ရွိ ဘာသာေရးပါတီတစ္ခုျဖစ္တဲ့ Jamiat Ulema ႐ုံးအနီးမွာ ျဖစ္ပြားခဲ့တာလို႔ ျပည္နယ္ ျပန္ၾကားေရးဝန္ႀကီးက ေျပာဆိုပါတယ္။ ယင္းပါတီဟာ ယခင္ကလည္း စစ္ေသြးႂကြေတြရဲ့ ပစ္မွတ္ထား တိုက္ခိုက္မႈေတြ ခံခဲ့ရတယ္လို႔ သိရပါတယ္။
ရပ္ထားတဲ့ေမာ္ေတာ္ဆိုင္ကယ္ ကေန ေပါက္ကြဲမႈျဖစ္ခဲ့တာျဖစ္ၿပီး ‌ေ-သဆုံးသူ ၁၂ ဦး နဲ႔ ဒဏ္ရာရသူ ၂၅ ဦးရွိခဲ့တယ္လို႔ Qilla Saifullah ရဲ့ လက္ေထာက္ေကာ္မရွင္နာမင္းႀကီး မစၥတာ ယာဆာဘာဇိုင္းက ေျပာဆိုခဲ့ပါတယ္။
ယခု ဗုံးခြဲတိုက္ခိုက္မႈေတြ ေနာက္ကြယ္မွာ ဘယ္အဖြဲ႕အစည္းေတြ ပါဝင္သလဲဆိုတာ လတ္တေလာမွာ ရွင္းလင္းစြာ မသိရေသးဘူးလို႔ ဆိုပါတယ္။ ပါကစၥတန္တာလီဘန္ စစ္ေသြးႂကြအဖြဲ႕(TTP) နဲ႔ ဘာလူခ်စၥတန္ခြဲထြက္ေရးအုပ္စု အပါအဝင္ စစ္ေသြးႂကြစု အမ်ားအျပားဟာ မၾကာခင္လေတြအတြင္း တိုက္ခိုက္မႈေတြ လုပ္ေဆာင္ထားၾကေၾကာင္း သိရပါတယ္။
Ref: The Straits Times

==========

ပါကစ္စတန်မှာ ရွေးကောက်ပွဲတစ်ရက်အလို ကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးတွေအနီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၂၀ ကျော် ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက် တောင်ပိုင်း ဘာလူချစ္စတန်ပြည်နယ်မှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရဲ့ ရုံးတွေအနီး ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တာကြောင့် လူ ၂၆ ဦး ‌ေ-သဆုံးကာ ဒါဇင်ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ဖေဖော်ဝါရီ ၇ ရက်မှာ ပြောဆိုပါတယ်။ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်အလို အဆိုပါပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုတွေ မြင့်တက်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး လက်ရှိမှာ အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်ရဲ့ ဖြစ်စဉ်နဲ့ မကြာခင်လတွေအတွင်းက စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အခြေအနေအတွင်း ဖေဖော်ဝါရီ ၈ ရက်မှာ ပါကစ္စတန်နိုင်ငံသားတွေ မဲပေးကြရမှာဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ မဲရုံတွေမှာ သူတို့ လုံခြုံရေး တိုးမြှင့်ချထားကြောင်း ပြောဆိုပါတယ်။
ပထမဆုံး ဗုံးခွဲတိုက်ခိုက်မှုဟာ ပီရှင်းခရိုင်က တစ်သီးပုဂ္ဂလ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးရဲ့ ရုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းမှာ လူ ၁၄ ဦး ‌ေ-သဆုံးခဲ့ပါတယ်။ ဒုတိယပေါက်ကွဲမှုကတော့ အာဖဂန်နယ်စပ်အနီးက Qilla Saifullah မြို့ရှိ ဘာသာရေးပါတီတစ်ခုဖြစ်တဲ့ Jamiat Ulema ရုံးအနီးမှာ ဖြစ်ပွားခဲ့တာလို့ ပြည်နယ် ပြန်ကြားရေးဝန်ကြီးက ပြောဆိုပါတယ်။ ယင်းပါတီဟာ ယခင်ကလည်း စစ်သွေးကြွတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။
ရပ်ထားတဲ့မော်တော်ဆိုင်ကယ် ကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ‌ေ-သဆုံးသူ ၁၂ ဦး နဲ့ ဒဏ်ရာရသူ ၂၅ ဦးရှိခဲ့တယ်လို့ Qilla Saifullah ရဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး မစ္စတာ ယာဆာဘာဇိုင်းက ပြောဆိုခဲ့ပါတယ်။
ယခု ဗုံးခွဲတိုက်ခိုက်မှုတွေ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေ ပါဝင်သလဲဆိုတာ လတ်တလောမှာ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။ ပါကစ္စတန်တာလီဘန် စစ်သွေးကြွအဖွဲ့(TTP) နဲ့ ဘာလူချစ္စတန်ခွဲထွက်ရေးအုပ်စု အပါအဝင် စစ်သွေးကြွစု အများအပြားဟာ မကြာခင်လတွေအတွင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ထားကြကြောင်း သိရပါတယ်။
Ref: The Straits Times