မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအား ဒီဇင်ဘာ ၃၁ ရက်အထိ ယာဉ်စစ်ဆေးခြင်း မပြုဘဲ သက်တမ်းတိုးပေးသွားမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ကုန်း လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ စက် တင်ဘာ ၁၉ ရက်က သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များ သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီရပ်နားခဲ့သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် နှစ်လဲသက်တမ်းတိုးများအား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ လူစုလူဝေး အနည်းဆုံးဖြစ်စေရေးနှင့်လုပ်ငန်းများမြန်ဆန်စွာပြီးစီးရန် တိုင်း/ပြည်နယ်/ခရိုင်ရုံးများတွင် မှတ်ပုံ တင်ထားသည့် မော်တော်ယာဉ်နှင့်မော်တော်ဆိုင် ကယ်များအနက် Road Safety ဖြစ်စေရန်အရေး ကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်သော ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေးသွားမည်ဖြစ်သည်။

သို့ရာတွင် အခြား မော်တော်ယာဥ်များနှင့်မော် တော်ဆိုင်ကယ်များအား ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့် သာတိုက်ဆိုင်စစ်ဆေး၍ ယာဉ်စစ်ကင်းလွတ်ဖြင့် သက်တမ်းတိုးခြင်းအား ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များသက် တမ်းတိုးရာတွင် ခရီးသည်တင်မော်တော်ယာဥ်များမှအပ ယာဥ်စစ်ကင်းလွတ်ခွင့်အား ၂၀၂၁ ခုနှစ်၊မတ်လမှစတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ် သည်။ source;popularnews