၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်မည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန် (၁၇) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထုတ်ပြန်ရာတွင် ဇွန်လ (၁၇) ရက် နံနက် (၄) နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးဌာန www.myanmarexam.org ဝက်ဆိုဒ် စတင်ကြေညာမည်ဖြစ်ပြီး နံနက်(၆) နာရီတွင် သက်ဆိုင်ရာ စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝေးလံခေါင်ဖျား ဒေသများနှင့် ၊ အင်တာနက်မရရှိသည့်ဒေသများမှ ကျောင်းသားကျောင်းသူများအတွက် မြန်မာ့အသံ ရေဒီယိုမှတဆင့် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း အဆိုပါ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် အောင်စာရင်းကြည့်မည့် ကျောင်းသားကျောင်း သူများနှင့် မိဘများအနေဖြင့်လည်း ကိုဗစ် ၁၉ ထိန်းချုပ် ရေး စည်းကမ်းများကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

ယခုနှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နိုင်ငံခြား စာစစ်ဌာနအပါအဝင် စာစစ်ဌာန ၁၂၅၆ ခုရှိပြီး ယင်းစာစစ်ဌာနများ၌ ဖြေဆိုသူ ကျောင်းသား/သူ ပေါင်း ၃၁၂,၂၉၉ ဦး ရှိကြောင်း၊ ပြင်ပဖြေဆိုသူ တစ်သိန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ သိရသည်။

တစ်နိုင်ငံလုံး၌ ဖြေဆိုသူ အများဆုံးဒေသမှာ ရခိုင်ပြည် နယ်ဖြစ်ပြီး ဖြေဆိုသူ ၄၅၅၉၂ ဦးရှိကာ ဖြေဆိုသူ အနည်းဆုံးအဖြစ် ကယား/ ကရင်နီပြည်နယ်၌ ဖြေဆို ၇၈၀ ဦးသာ ရှိသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌  ခရိုင် ၄ ခုပေါင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ  ၃၇,၅၆၀ ရှိကြောင်း သိရသည်။