တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းလုပ်ကိုင်ရန် တွက်ခြေမကိုက်သည့်အတွက် ငါးဖမ်းလှေအချို့ ဆိပ်ကမ်း သို့ ပြန်လည်ဝင်ရောက်နေကြောင်းသိရ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းလုပ်ကိုင်ရန် တွက်ခြေမကိုက်တော့ သည့်အတွက် လှေတချို့ဆိပ်ကမ်း သို့ ပြန်ဝင် လာနေကြောင်း သိရသည်။ ကုန်ပစ္စည်းတန်ဖိုးစာရင်းတွက်ချက်မှု၊ ငွေလွှဲရာတွင် အစိုးရပေါက်စျေးဖြင့် ရာခိုင် နှုန်းအလိုက်ကောက်ခံလာမှု၊ ပင်လယ်ပြင် အထွက်စရိတ်ကြီးမြင့်လာမှုများကြောင့် ငါး ဖမ်းလှေချို့မှာ ပင်လယ်ပြင်အတွင်း လုပ်ငန်း လုပ်ကိုင်နေရာမှ ရပ်တန့်ကာ ဆိပ်ကမ်းသို့ ပြန်ဝင်လာနေကြောင်း သိရသည်။ “ငါးလှေအထွက်စရိတ်က အရင်ကထက် အလွန်ပဲ စျေးကြီးလာတယ်။ ငါးအထိအမိ နည်းတာရယ်၊ ရာသီဥတုအနေ ထားရယ်စတာ တွေက တွက်ခြေမကိုက်တော့ဘူး။ ဒီထက်ဆိုးတာက Invoice လို့ ခေါ်တဲ့ကုန်ပစ္စည်းတန်ဖိုး စာရင်း သတ်မှတ်မှု၊ ငွေပြန်လွှဲတဲ့အခါမှာ အပြင်ပေါက်စျေးအတိုင်း မရတာတွေက ရေလုပ် ငန်းအတွက် အများကြီး ထိခိုက်နေပြီ။ လှေတ ချို့တော့ လုပ်ငန်းလုပ်ကိုင်းရင်း တွက်ချက် ကြည့်တာ မကိုက်တော့လို့ ဆိပ်ကမ်းကို ပြန် ဝင်လာကြပြီ။ ကျွန်တော်တို့ ရေလုပ်သားတွေ တွက်ချက်ကြည့်တာ ပါကေးငါးတစ်ပုံးကို ဘတ်  ၇၂၀ ထိုင်းမှာ ရောင်းလို့ရရင် ကျွန်တော်တို့ ရေလုပ်သားတွေဆီကို ဘတ် ၃၀၀ ကျော်ပဲ ကျန်တော့သလိုဖြစ်နေတယ်။ လှေအထွက် စရိတ်တွေ တွက်ချက်လိုက်ရင် ရေလုပ်ငန်းလုပ် လို့ မရတော့ဘူး။ ပြန်ဝင်လာတဲ့လှေတွေလည်း ပင်လယ်ပြင် မထွက်ရဲတော့ဘူး။ အစင်းရေ ရာချီနားလိုက်ကြပြီ” ဟု ကော့သောင်းမြို့မှ ရေလုပ်သားတစ်ဦးက ပြောကြားသည်။

ကော့သောင်းနည်းတူ မြိတ်ခရိုင်အတွင်း ရေလုပ်ငန်းလုပ်ကိုင်နေသည့် လှေတချို့မှာ လည်း ယခုရက်ပိုင်းတွင် ဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်လာကြောင်း ရေလုပ်ငန်းရှင်များက ပြောကြားသည်။

“ Export မှာ စကားပြောနေတာပါ။ ဥပမာဗျာ ကျွန်တော်တို့ ဘတ်တစ်သိန်းတန် ဖိုးရှိတဲ့ ငါးတွေကို ထိုင်းမှာ သွားရောင်းလိုက်မယ်။ အဲဒီငွေက မြန်မာနိုင်ငံဘဏ်ထဲကို ငွေ ပြန်လွှဲလိုက်တယ်။ ဘဏ်က အဲဒီငွေရဲ့ ၃၅ ရာခိုင်နှုန်း ကို အပြင်ပေါက်စျေးနဲ့ ရောင်းပေး တယ်။ ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ဒီနေ့ပေါက်စျေးနဲ့ဆိုရင် တစ်ဘတ်ကို ၅၈ ကျပ် နဲ့ လဲပြီးယူလိုက်ပါတယ်။ ကုမ္ပဏီငယ်တချို့ ဆက်မလုပ်နိုင်တော့ ကုမ္ပဏီကြီးတချို့နဲ့ ပြန်ချိတ်ရတယ်။ ကုမ္ပဏီကြီးတချို့လည်း အရှုံးကို ကာမိအောင် ရာခိုင်နှုန်းပြန်ကောက်ရတယ်။အဲဒီတော့ ဘတ်သုံးသောင်း ပါတဲ့လှေတစ်စင်း က ဘတ်ရှစ်သောင်းဆောင်နေရတဲ့သဘော ပါ။ နောက်ဆုံးတော့ အောက်ခြေလူတန်းစား ဖြစ်တဲ့ရေလုပ်သားတွေ ထိခိုက်တာပဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၂၂  ရက်တွင် ညွှန်ကြားစာထွက် လာခြင်းဖြစ်ပြီး ငါးဖမ်းလှေတချို့မှာ ပင်လယ် ပြင်အတွင်း ငါးဖမ်းဆီးနေချိန်တွင် လုပ်ငန်း ရပ်တန့်ကာ ပြန်လည်ဝင်ရောက်လာသူများ ရှိသလို ငါးဖမ်းရက် (တစ်ဖျား)သိမ်းပါက စာ ရင်းချုပ်ပြီး ဆက်လက်လုပ်နိုင်မည့်သူမှာ လုပ် ကြမည်ဖြစ်ပြီး မလုပ်နိုင်မည့်သူများမှာ ရေလုပ် ငန်းကို ရပ်နားတော့မည်ဖြစ်ကြောင်း သိရ သည်။

ရေထွက်ပစ္စည်းအဓိကတင်ပို့ရာ ထိုင်း နိုင်ငံ ရနောင်းမြို့  Export ဆောင်ရွက်ရာတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ရရှိနေသော်လည်း ယခုနှစ်တွင် အဆို ပါ အခက်အခဲများကြောင့် ပို့ကုန်ကျဆင်းသွား နိုင်သလို နိုင်ငံတော်မှရရှိမည့် အခွန်အခများ လည်း နည်းသွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင် များက ပြောကြားသည်။ ရေလုပ်ငန်းကျဆင်း ပါက ရေလုပ်ငန်းကိုမှီခိုနေရသည့် တနင်္သာရီ တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများလည်း ကျသွားမည်ဖြစ်ကြောင်း ဒေသခံများက ပြော ကြားသည်။