နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဘင်္ဂလားဒေ့ရှ်သံအမတ် ရခိုင်ပြည်နယ်အစိုးရနှင့် လာရောက်ဆွေးနွေး

13081804_1136480829709399_320826700_n

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်သံအမတ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လာရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်သံအမတ် Moham Sufiur Rahman နှင့် အဖွဲ့သည် မေလ ၇ရက်တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့်တွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ဈေးကွက် ရရှိနေပြီဖြစ်သော ရခိုင်ပြည်နယ် ထွက်ကုန် ပစ္စည်းများ ကို တိုးမြှင့်ပို့ဆောင်ပေးရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတိုးမြှင့် ဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 ‘‘ဘင်္ဂလားဒေ့ရှ်မှာ ဈေးကွက်ရနေတဲ့ ရခိုင်ပြည်နယ်က ကုန် ပစ္စည်းတွေကို တိုးမြှင့်ပို့ဖို့နဲ့ နှစ်ဖက်ကုန်သည် တွေတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ပါတယ်’’ ဟု ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုကို စစ်တွေနှင့် မောင်တော နယ်စပ် စခန်းနှစ်ခုက ဆောင်ရွက်နေပြီး လက်ရှိတွင် ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အနေအထားသာ ရှိနေကြောင်း သိရသည်။ မောင်တောနယ်စပ် ကညင်ချောင်းတွင် အကောင်အထည် ဖော်နေသည့် နယ်စပ်ကုန်သွယ် ရေးဇုန်အကောင်အထည်ပေါ်လာ ပါက မြန်မာ-ဘင်္ဂလာဒေ့ရှ်ကုန် သွယ်မှု လုပ်ငန်းများမှာ ပိုမိုတိုး တက်လာရန် ကုန်သည်များက မျှော်လင့်နေကြသည်။


Leave a Reply