၂၀၂၂ တွင် ရာဖေးနာဒယ် ပထမဆုံးရှုးပွဲတွေ့

ကျင်းပနေဆဲဖြစ်တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲ စတုတ္ထအဆင့်မှာ စပိန်တင်းနစ်ကစားသမား ရာဖေး နာဒယ်က အမေရိကန်နိုင်ငံသား ဖရန်ဆက် တီယာဖိုးကို အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဒါဟာ ရာဖေးနာဒယ် အတွက်တော့ ၂၀၂၂ ခုနှစ်အတွင်း ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ပထမဆုံးရှုုံးပွဲ ကြုံခဲ့ရတာပါ။ စတုတ္ထအဆင့်မှာ တီယာဖိုးကို ၆-၄၊ ၄-၆၊ ၆-၄၊ ၆-၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲဒီရှုံးပွဲကြောင့် ရာဖေးနာဒယ်ရဲ့ ၂၃ ကြိမ်မြောက် ဂရင်းစလမ်ချန်ပီယံဆု မျှော်လင့်ချက်လည်း ပျက်ပြယ်သွားခဲ့ရပါတယ်။ နာဒယ်ကို အနိုင်ရပြီးနောက် တီယာဖိုးက အခုနိုင်ပွဲဟာ သူ့ရဲ့ ကစားသမားဘ၀တစ်လျှောက် မယုံကြည်နိုင်လောက်အောင်ဖြစ်ရတဲ့ နိုင်ပွဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆီဒင်အဆင့် ၂၂ ဖြစ်တဲ့ တီယာဖိုးဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဆီဒင်အဆင့် ၉ သတ်မှတ်ခံထားရတဲ့ ရုရှားနိုင်ငံသား ရူဘလက်ဗ်နဲ့ ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

-Ref: BBC