ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်း

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖုခုအိုခါ့မြို့မှာ စက်တင်ဘာ ၆ ရက် အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟင်နမ်နော်ကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော် ဖျက်သိမ်းခဲ့ပြီး ရထားဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားရပါတယ်။

ဒေသစံတော်ချိန် မနက် ၅ နာရီအထိ အနည်းဆုံး လေယာဉ်ခရီးစဉ် ၁၂၄ ခုကို ဖျက်သိမ်းခဲ့ရတာပါ။ ဟာခါ့တာ့နဲ့ ခုမာ့မိုတို ဘူတာတွေကြားမှာ ပြေးဆွဲနေတဲ့ ကျည်ဆန်ရထားလိုင်းတွေကို ရပ်ဆိုင်းထားတယ်လို့ အများပိုင်ရုပ်သံလိုင်း NHK က ပြောပါတယ်။

ဒီတိုင်ဖွန်းဟာ မြောက်ဘက်ကို ဦးတည်သွားခဲ့လို့ ခယူးရှူးနဲ့ ရှိခိုးခုဒေသတွေမှာ မိုးပိုလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ မုန်တိုင်းက အားပျော့သွားပြီး အင်္ဂါနေ့ညမှာ အပူပိုင်းဆိုင်ကလုန်းအဖြစ်ကို ပြောင်းလဲသွားမယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ပြောပါတယ်။

လေပြင်းတိုက်ခတ်တာ၊ လှိုင်းကြီးတာနဲ့ မြေပြိုတာတွေကြောင့် ဒေသခံပြည်သူတွေ သတိထားကြဖို့ တာဝန်ရှိသူတွေက ဆက်လက်သတိပေးထားပါတယ်။   dvb