တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ(၄၆)ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ စက်တင်ဘာ(၅)ရက်က ပြင်းအား (၆.၈) အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်  လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ (၄၆) ယောက်သေဆုံးပြီး (၁၆) ယောက် ပျောက်ဆုံးနေပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် နေ့လယ် (၁)နာရီလောက်မှာ  စီချွမ်ပြည်နယ်ကို ဗဟိုချက်ထားပြီး အောက်အနက် (၁၀) ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် ဖုန်းလိုင်းတွေပြတ်တောက်ခဲ့ပြီး တောင်ပြိုကျမှုတွေ နဲ့ အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူဦးရေ (၂၁) သန်းလောက် နေထိုင်တဲ့ စီချွမ်းပြည်နယ်ရဲ့ မြိုတော် ခ်န္ဒူးမွာ ကိုဗစ်ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ကြဖို့ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အမိန့်ထုတ်ထားတာဖြစ်ပါတယ်။

ငလျင်ဗဟိုချက်နေရာဖြစ်တဲ့ လုဒင်းမြိုဟာ ချန်ဒူးမြိုရဲ့ (၂၂၆) ကီလိုမီတာအကြာရွိ တောင်တန်းထူထပ်တဲ့နေရာမှာ တည်ရှိတာပါ။ အပျက်အစီးတွေကြားထဲမှာ နောက်ထပ် လူ (၁၆) ယောက် ပျောက် ဆုံးနေပြီး ဒဏ်ရာရသူ အယောက်(၅၀)ရှိတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မြေပြိုကျမှုတွေကြောင့် လမ်းပိတ်ဆိုမှုတွေ ဖြစ်ပေါ် နေတာကို ရှင်းလင်းဖယ်ရှားဖို နဲ့ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးဖို ကယ်ဆယ်ရေးဝန်ထမ်း (၅၀၀)ကျော်ကို စေလွှတ်ထားတယ်လို ဆိုပါတယ်။ စီချွမ်ပြည်နယ်မှာ လွန်ခဲ့တဲ့ (၂၀၁၈)ခုနှစ်ကလည်း ပြင်းအား(၇.၈)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ(၉၀,၀၀၀)နီးပါး သေဆုံးခဲ့ပါတယ်။