ကမ္ဘာ့ဖလားပုံတူရုပ်တုဖြင့် သယ်လာသော မူးယစ်ဆေးဝါးများ ဖမ်းမိ

ဖီဖာကမ္ဘာ့ဖလား ပုံတူရုပ်တုများထဲတွင် ဝှက်၍ သယ်ဆောင်လာသော ဆေးခြောက်နှင့် ကိုကင်းအများအပြားကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းကို ဖြိုခွင်းခဲ့ကြောင်း ဗျူနိုအေရိစ်မြို့ လုံခြုံရေး ဝန်ကြီးက ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူအချို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလကိုအသုံးချကာ ပုံတူရုပ်တုများထဲ၌ မူးယစ်ဆေးဝါးများ ဝှက်၍ သယ်ဆောင်လာစဉ် အာဂျင်တီးနားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးရမိမှုအတွင်း ဆေးခြောက် ၂၀ ကီလိုဂရမ်၊ ကိုကင်း ၁၀ ကီလိုဂရမ်နှင့်ပါကိုဟုခေါ်သော ကိုကင်း ၁,၈၀၀ နှင့်အတူ အာဂျင်တီးနားငွေ ပီဆိုလေးသိန်း ဖမ်းဆီးရမိခဲ့သည်။

ယင်း ဖမ်းဆီးနှိမ်နင်းမှုအတွင်း အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဗျူနိုအေရိစ်လုံခြုံရေး ဝန်ကြီးဌာနက ပြောသည်။ 

  —Ref:Shuff.co.nz