တိုက်စစ်မှူးအောင်သူကို ထိုင်းဘတ် ၅၀ သန်း ရရင် ရောင်းချမည်

ထိုင်းနိုင်ငံမှာ ခြေစွမ်းပြ ကစားနေတဲ့ တိုက်စစ်မှူး အောင်သူကို ပြောင်းရွှေကြေး ထိုင်းဘတ် ၅၀ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း) ရမယ်ဆိုရင် ရောင်းချသွားမှာဖြစ်ကြောင်း ရတနာပုံယူနိုက်တက် က ပြောဆိုထားပါတယ်။

ထိုင်းကလပ် Police tero ဟာ တိုက်စစ်မှူးအောင်သူကို တရာသီကြာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိထားရာ အောင်သူ ဟာ ထိုင်းကလပ်မှာ ၂၀၁၉ ခုနှစ် အထိ ဆက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ အောင်သူ ဟာ ထိုင်းကလပ်ဆီ ရတနာပုံကလပ်မှ သွားရောက်ကစားနေသူဖြစ်ပြီး တိုက်စစ်မှူး အောင်သူကို ထိုင်းအခြေစိုက် ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး အောင်သူကို ဂျပန် နဲ့ ဥရောပ ကလပ်တွေကလည်းခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

အောင်သူ ဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းကလပ်ဆီ သွားရောက်ကစားခဲ့ရာ ထိုင်းလိဂ် ၁ အမှတ်ပေးပြိုင်ပွဲ ၁၈ ပွဲ ကစားခဲ့ ပြီးနောက် ထိုင်း Police tero အတွက် ၁၀ ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ထိုင်းလိဂ် အမှတ်ပေးပြိုင်ပွဲမှာ အရှေ့တောင်အာရှက ကစားသမားအများစု ကစားလျက်ရှိနေတယ်လို့ သိရပါတယ်။ ရတနာပုံကလပ် က တောင်းဆိုတဲ့ ထိုင်းဘတ် ၅၀ သန်း ဟာ အသက် ၂၂ နှစ် အရွယ်ရှိ တိုက်စစ်မှူး အောင်သူကို ခေါ်လိုနေတဲ့ ကလပ်တွေအတွက် လက်ခံနို်င်တဲ့ ပြောင်းရွှေ့ကြေးမျိုးဖြစ်ကြောင်း သိရပါတယ်။

Source: Akonthi