အသက် ၂၁ နှစ်အရွယ် နာအိုမီအိုဆာကာ သြစတြေးလျအိုးပင်းဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ ဖြစ်လာ

မဲလ်ဘုန်း – သြစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် ဂျပန်တင်းနစ်မယ် အိုမီအိုဆာကာက ချက်တင်းနစ်မယ် ပီထရာကေဗီတိုဗာကို အနိုင်ရပြီး  ဂရင်းဆလမ် နှစ်ကြိမ်ဆက်ဗိုလ်စွဲကာ ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ် ဖြစ်လာသည်။

အမေရိကန်အိုးပင်း ချန်ပီယံ အိုဆာကာ (၂၁) နှစ်သည် ကေဗီ တိုဗာကို ၇-၆ (၇-၂)၊ ၅-၇၊ ၆-၄ ရလဒ်ဖြင့် အနိုင်ရခဲ့သည်။

ပြိုင်ပွဲဝင်အဆင့် (၄) ရှိ အိုဆာကာသည် ပြိုင်ပွဲဝင်အဆင့် (၈) နေရာမှ ကေဗီကိုဗာ (၂၈) နှစ်နှင့် ယှဉ်ပြိုင်ရာ ဒုတိယအကျော့ပွဲ၌ ရှုံးနိမ့်ခဲ့ပြီးမှ နောက်ဆုံးပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ကေဗီတိုဗာသည် ဓားထိုးခံရပြီးနောက် ပထမဆုံးအဓိက ဖလားရရေး ကြိုးပမ်းမှု မအောင်မြင်ဖြစ်ခဲ့သည်။

‘‘ကျွန်မ ဗိုလ်လုပွဲမှာ ထပ်ပြီး ကစားခဲ့ရတာကို မယုံကြည်နိုင်ပါဘူး။ နာအိုမီနဲ့ သူ့အသင်းအတွက် ဂုဏ်ယူပါတယ်။ ကမ္ဘာ့ နံပါတ် (၁) ဖြစ်လာတဲ့အတွက် လည်း ဂုဏ်ပြုပါတယ်’’ဟု ကေဗီ တိုဗာက ပြောသည်။

အိုဆာကာက ၎င်းသည် ပရိသတ်နှင့် စကားပြောရာတွင် ကောင်းမွန်သူမဟုတ်ဟု ပြောပြီး ကေဗီတိုဗာကို ချီးကျူးကာ ကစားသမားတစ်ဦး၏ နောက်ကွယ်တွင် ကြီးကျယ်သော အသင်းတစ်သင်း အမြဲရှိနေသည်ဟု ပြောသည်။

—Ref:BBC