ရော်နယ်ဒို လေ့ကျင့်ခန်းပြန်ဆင်း

C Ronaldo

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး  စီရော်နယ်ဒိုသည် တံကောက်ကြောဒဏ်ရာမှ ပြန်လည် သက်သာလာပြီးနောက် လေ့ကျင့်ခန်း ပြန်ဆင်းနေကာ ဗုဒ္ဓဟူးနေ့ညတွင် ကစားမည့် မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲ အတွက် ကြံ့ခိုင်မှု ပြည့်ဝလာဖွယ် ရှိသည်။

‘‘ချန်ပီယံလိဂ် ပွဲတိုင်းက ပထမဆုံးကစားတဲ့ ပွဲလိုပါပဲ။ ရီးရဲလ်ရဲ့ ဦးစားပေးကလည်း နိုင်ဖို့ ပါပဲ’’ဟု ရော်နယ်ဒိုက အသင်းဝက်ဘ်ဆိုက်တွင် ပြောကြားသည်။ ခက်ခဲသော စိန်ခေါ်မှုဖြစ်သော်လည်း အရာရာဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။ ထို့အပြင်မန်စီးတီးသည် အကောင်းစားအသင်းဖြစ်၍ အကြိုဗိုလ်လုပွဲသို့တက်လာခြင်း ဖြစ်သည်ဟု ရော်နယ်ဒိုက ဆိုသည်။

ထိုအတောအတွင်း ရီးရဲလ်ကွင်းလယ်လူ ကတ်စ်မဲရိုးကလည်း မန်စီးတီးနှင့်ပွဲတွင် တိုက်စစ်မှူး အဂူရိုသာ အာရုံစိုက် မနေကြရန် အသင်းဖော်များအား သတိပေး ပြောသည်။

အဂူရိုသည် အဓိက အန္တရာယ်ရှိသူဖြစ်ပြီး ပြိုင်ပွဲအား လုံး ၄၁ ပွဲတွင် ၂၈ ဂိုး သွင်းယူထားသည်။

‘‘သူတို့မှာ အဂူရိုသာမက တခြားအရည်အသွေးရှိပြီး ကြီးကျယ်တဲ့ ကစားသမားတွေ အများအပြားရှိပါတယ်’’ဟု ကတ်စ်မဲရိုးက ပြောပြီး မိမိတို့အနေဖြင့် အာရုံစူးစိုက်မှုအပြည့်နှင့်  ခွန်အားပြည့် ကစားရမည်ဟု ပြောသည်။

—Ref:Goal


Leave a Reply