မန်ယူတွင် သူ့အား ရာထူးထုတ်ပယ်နိုင်သည်အထိ ကစားသမားများ ပါဝါမရှိဟု မော်ရင်ဟိုယုံကြည်

မန်ယူနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ လု့ခ်ရှောတို့နဲ့ အချင်းများခဲ့ပေမယ့် မန်ယူအသင်းမှာ သူ့ကို ရာထူးကနေ ထုတ်ပယ်နိုင်လောက်တဲ့အထိ ကစားသမားတွေ ပါဝါမရှိဘူးလို့ နည်းပြမော်ရင်ဟိုယုံကြည် နေပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဇန်န၀ါရီက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အသင်းအမှုဆောင်ဒု-ဥက္ကဋ္ဌ အက်ဝုဒ်ဝက်ဒ်နဲ့ အသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ထောက်ခံမှုကို အပြည့်အ၀ရရှိထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မန်ယူကစားသမားအချို့နဲ့ နည်းပြမော်ရင်ဟို အချင်းများမှုတွေ ရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ကွင်းလယ်လူ ပေါ့ဘာကို ချန်လှပ်ခဲ့တဲ့အပြင် ပထမပိုင်းမှာ လုခ်ရှောကို လူစားလဲခဲ့ပါတယ်။

မော်ရင်ဟိုဟာ ချဲလ်ဆီးကို ဒုတိယအကြိမ်ပြန်လည်ကိုင်တွယ်ခဲ့ရာမှာ အသင်းရဲ့နည်မည်ကျော်တွေဖြစ်တဲ့ ဖာဘရီဂတ်စ်၊ ဟာဇက်၊ ကော်စတာတို့နဲ့ အချင်းများခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိ အချိန်မှာ မန်ယူဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ မန်စီးတီးနဲ့(၁၆)မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း ထွက်ခဲ့ရပြီးဖြစ်ပါတယ်။

 

-Ref; Sky sports