သမ္မတ ဂျိုးဘိုင်ဒင် COVID-19 ပေါ့စတစ်ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော် တာ၀န်ရှိသူက ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြောကြားသည်။ “ဒီနေ့မနက်ဆေးစစ်ရာမှာ သမ္မတ ဘိုင်ဒင်ဟာ ကိုဗစ် ပေါ့စတစ် ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးဖြစ်တဲ့အပြင် ထပ်လောင်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ပါတယ်။ ခုအခါမှာတော့ သူဟာ အရမ်ပျော့တဲ့ ရောဂါလက္ခဏာတွေကို ပြသနေပါတယ်”ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး Karine Jean-Pierre က ပြောသည်။

သမ္မတသည် Paxlovid ဆေးကို စတင်သောက်နေပြီဖြစ်ကြောင်းကိုလည်း သူမက ထပ်လောင်းပြောကြားသည်။သမ္မတတွင် ကိုဗစ်ပိုးမရှိသည်အထိ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သီးသန့်ခွဲခြားနေထိုင်စေကာ လိုအပ်သည်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသူမက ပြောသည်။သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့် နို၀င်ဘာ ၂၀ ရက်တွင် အသက် ၈၀ ပြည့်မည်ဖြစ်သည်။

Ref: US President Biden tests positive for Covid-19