၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ်ခံမည်ဟု ဒေါ်နယ်ထရမ့်ကြေညာ

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မိမိသည် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။

ဖလော်ရီဒါပြည်နယ် Palm Beach ရှိ သူ၏ Mar-a-Lago အပန်းဖြေစံအိမ်၌ ရာနှင့်ချီသော ထောက်ခံသူများအား အင်္ဂါနေ့ညက မိန့်ခွန်းပြောကြားရာတွင် မိန့်ခွန်းမစတင်မီထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသည် လပေါင်းများစွာတိုင်အောင် သူနောက်ပြောင်ပြောဆိုနေခြင်းကို တရားဝင်အတည်ပြုလိုက်ခြင်းဖြစ်သည်။

Source: The Straits Times