အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှု ဆောင်ရွက်မည့် IS အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

အာဖဂန်နစ္စတန် နိုင်ငံ တွင် အစိုးရ တပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ နိုဝင်ဘာ ၂၀ ရက်

အာဖဂန်နစ္စတန် နိုင်ငံ အမျိုးသား လုံခြုံရေးဌာန က လတ်တလောရက်ပိုင်း အတွင်း မြို့တော် ကဘူးလ် တွင် တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်နေသည့် IS အစွန်းရောက် အဖွဲ့ဝင် ၄ ဦး အား ဖမ်းဆီး နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် ဖမ်းဆီးရမိသူ ၄ ဦး မှာ အာဖဂန်နစ္စတန် နိုင်ငံသားများ ဖြစ်ကြပြီး ၄င်း တို့အနေဖြင့် ကဘူးလ် မြို့ နေရာအများတွင် တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်နေကြောင်း ၊ ၄င်းတို့နှင့်အတူ လက်နက်ခဲယမ်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး IS အဖွဲ့ဝင်များ ဖြစ်သည် ဟု ဝန်ခံခဲ့ကြောင်း ပါဝင်ခဲ့သည်။

IS အစွန်းရောက် အဖွဲ့အစည်း က လတ်တလော နှစ်ပိုင်း အတွင်း ကဘူးလ် မြို့ ၌ တိုက်ခိုက်မှု များစွာ ဆောင်ရွက်ခဲ့ပြီး ယခုလ ၁၂ ရက် တွင် ကဘူးလ်မြို့ ၌ ဆောင်ရွက်ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း ၊ အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ စုံစမ်းမှု အရ နိုင်ငံအတွင်း IS အဖွဲ့ဝင်ပေါင်း ၂,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

(Xinhua)