အာဆီယံယူ-၁၈ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ၌ ဝင်ရောက်ယှဥ်ပြိုင်ရန် မြန်မာ့လက်ရွေး စင်အသင်း အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်(AFF U-18 Girl’s Championship)ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၈ ဘောလုံးအသင်းသည် ဇူလိုင် ၂၁ ရက် (ယနေ့)ညနေပိုင်းက ရန်ကုန်လေဆိပ်မှထွက်ခွာသွားခဲ့သည်။ ရန်ကုန်လေဆိပ်မှတဆင့် ပြိုင်ပွဲကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၊ပလမ်ဘန်မြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၈ အသင်း၌ မေဦးခင်၊ ဖီးဗေ၊ လူစီယာ၊ ကြယ်စင်၊ နွယ်မိုး၊ မိုးပြည့်ပြည့်မောင်၊ နန်းရွှေသင်း၊ ဖြူဖြူ၀င်း၊ မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ရွှန်းလဲ့နိုင်၊ ဖြူဖွေး၊ နှင်းပွင့်အေး၊ ဝေဖူးအိမ်၊ ဝေဟင်ဖြိုး၊ ထက်ထက် ၀င်း၊ ဟေမာန်စိုး၊ ခင်စန်းလွင်၊ ဒေစီအောင်၊ အေးထက်ထက်ပိုင်၊ နန်း‌ချိုမွှေး၊ ဂျူးထက်ဝေ၊ ယဉ်လွန်းအိမ်၊ သိင်္ဂီထွေး၊ ဖျာမြှာမိုးမိုးအေး၊ ဇင်မိုးပြည့်၊ စုမြတ်နိုး၊ ဒီဇင်ဘာနှင်း တို့ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၈ အသင်းသည် ဇူလိုင် ၂၅ ရက်တွင် မလေးရှားအသင်း၊ဇူ လိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်အသင်း၊ဇူလိုင် ၂၉  ရက်တွင် ဩစ‌‌‌တြေးလျအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အာဆီယံယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်(AFF U-18 Girl’s Championship)ဘောလုံးပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင်၂၂ ရက်မှ ဩဂုတ် ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ (MFF)