BBC သတင်းဌာနက ချီးမြှင့်သည့် အာဖရိကအကောင်းဆုံးဆု ဆာလာ နှစ်နှစ်ဆက်တိုက်ဆွတ်ခူး

လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာသည် ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ဆာလာသည် ယခုနှစ် အကောင်းဆုံးဆုံအတွက် လီဗာပူးလ်အသင်းဖော် မာနေ(ဆီနီဂေါ)၊ ဘီနာတီယာ (ဂျူဗင်တပ်စ်/မော်ရိုကို)၊ ကူလီဘာလီ(နာပိုလီ/ဆီနီဂေါ)၊ သောမတ်စ်ပါတေ (အက်သလက်တီကို/ဂါနာ) တို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး မဲအများဆုံးရရှိသဖြင့် အကောင်းဆုံးဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစား ၄၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် ၄ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ ရောက်ရှိစေခဲ့သည်။

ထို့အပြင် ယခုရာသီတွင် ၂၃ ပွဲ ကစား ၁၃ ဂိုးသွင်းယူထားသလို အီဂျစ်အသင်းအတွက်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲအပါအ၀င် ယခုနှစ်အတွင်း ခြောက်ပွဲကစား ခုနှစ်ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့သောကြောင့် အကောင်းဆုံးဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။

ယင်းဆုကို ဒီဇင်ဘာ ၁၄ ရက်က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုလက်ခံရယူပြီးနောက် ဆာလာက “ ဒီဆုကို နောက်တစ်ကြိမ် ထပ်ရတဲ့ ခံစားချက်က အရမ်းကောင်းပါတယ်။ ဆုရလို့လည်း ပျော်ပါတယ်။ နောက်နှစ်မှာလည်း ထပ်ရချင်ပါသေးတယ်” ဟု ပြောကြားသည်။

ဆာလာသည် ၂၀၁၇ ခုနှစ်တွင်လည်း ယင်းဆု ဆွတ်ခူးရရှိထားရာ ဘော်လ်တန်နှင့် နိုင်ဂျီးရီးယား ကွင်းလယ်လူဟောင်း ဂျေဂျေအိုကိုချာ နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်နှစ်ဆက်တိုက် ရရှိသူ အဖြစ် မှတ်တမ်း ၀င်ခဲ့ပြီး နှစ်ကြိမ်ရရှိဖူးသည့် မတုတ္ထမြောက်ကစားသမားလည်း ဖြစ်လာသည်။

—Ref: Skysports