ရုရှားရဲ့စစ်ရေးရည်မှန်းချက်ကို ချဲ့ထွင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးပြောကြား

ရုရှားနိုင်ငံရဲ့ ယူကရိန်းနဲ့ပတ်သက်တဲ့စစ်ရေးရည်မှန်းချက်ဟာ အနောက်နိုင်ငံတွေရဲ့လုပ်ရပ်ကြောင့် ပြောင်းလဲ သွားခဲ့ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ရော့ဗ်က ပြောကြားခဲ့ပါတယ်။ ရုရှားမီဒီယာတွေနဲ့ အင်တာဗျူးခဲ့ရာမှာ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့နေတဲ့ အနောက်နိုင်ငံတွေကြောင့် ရုရှားရဲ့စစ်ရေးပစ်မှတ်ကို ချဲ့ထွင်သွားမှာဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်း နယ်မြေတွေကို ကျော်လွန်သိမ်းပိုက်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းစစ်တပ်အနေနဲ့ လာမယ့်ရက်ပိုင်းမှာ အမေရိကန်လုပ် ဟိုင်းမားစ် (Himars) ဒုံးကျည်စနစ် လေးခုကို ထပ်မံလက်ခံရရှိမှာဖြစ်ပြီး စုစုပေါင်း ၁၆ ခုအထိ အသုံးပြုနိုင်တော့မယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။  တစ်ချိန်တည်းမှာပဲ ယူကရိန်းသမ္မတကတော်အိုလီနာဇီလန်စကီးက လေကြောင်းကာကွယ်ရေးလက်နက်တွေ ပိုမိုထောက်ပံ့ပေးကြဖို့ အမေရိကန်လွှတ်တော်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။  -Ref:BBC