ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဌာနချုပ်တွင် ကျင်းပသည့် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ချီးမြှင့်

 

နေပြည်တော်၊ အောက်တိုဘာ ၂

ယမန်နေ့ နေ့လည် ၁၃း၃၀ အချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ဦးစီးရုံးအဖွဲ့ဝင် မိသားစု သား/သမီး ကျောင်းသား၊ ကျောင်းသူများအား ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ချီးမြှင့် ခဲ့သည်။

ပထမဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီးနောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြင့်ခဲ့သည်။

ယင်းနောက် ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ တက္ကသိုလ်အဆင့် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးငွေများ ချီးမြှင့်ခဲ့ပြီး၊ ပါတီဌာနချုပ်မှူး ဦးသောင်းရွှေမှ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေးငွေများ ဆက်လက်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အဆိုပါ ဦးစီးရုံးအဖွဲ့ဝင် မိသားစု သား/သမီး ကျောင်းသား၊ ကျောင်းသူများအား ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ် အမှုဆောင်များ၊ ပါတီဝင်များနှင့် ဦးစီးရုံးအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။