ချန်ပီယံလိဂ်နိုင်ပွဲအများဆုံးရရှိသော ကစားသမားဖြစ်လာသည့် စီရော်နယ်ဒို

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို သည် လီဗာကူဆင်အား အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် နိုင်ပွဲ အများဆုံးရရှိသော ကစားသမားဖြစ်လာခဲ့သည်။ လီဗာကူဆင်အား အနိုင်ရရှိခဲ့ ပြီးနောက် စီရော်နယ်ဒို သည် ချန်ပီယံလိဂ်ပွဲစဉ် ၁ဝ၂ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်း ကာဆီလက်စ်၏ နိုင်ပွဲအများဆုံးရရှိထားသည့်မှတ်တမ်းကို ကျော်ဖြတ်ကာ မှတ်တမ်းသစ်တင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ၄င်းသည် လီဗာကူဆင်အားဂိုးသွင်းနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မတူညီသော အသင်းပေါင်း ၃၃ သင်း ကို ဂိုးသွင်းနိုင်ခဲ့သည့်ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်၏ မှတ်တမ်းကိုလည်း လိုက်မီနိုင်ခဲ့သည်။ ထို့ ပြင် စီရော်နယ်ဒိုသည် ချန်ပီယံလိဂ် ၁၄ ရာသီဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ရာအူးလ်နှင့် မက်ဆီတို့၏ ဆက်တိုက်ဂိုးသွင်းနိုင်သည့်မှတ်တမ်းကိုလည်း လိုက်မီခဲ့ပြီဖြစ်သည်။

Ref;Dailymail