ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉၂ ယောက်၊ ကူးစက်သူ ၂၃၅၀၀ ကျော်ရှိလာ

တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉၀ ရှိသွားပြီလို့ တာဝန်ရှိသူတွေက အခုလ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၆၅ ယောက် ရှိပြီးတော့ အားလုံး ဟူပေးပြည်နယ်ကပဲလို့ ဆိုပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ သေဆုံးသူတွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်းသေဆုံးသူ ၄၉၂ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်သူ အရေအတွက်ကတော့ တစ်ရက်တည်းမှာ ၃၁၅၆ ယောက် တိုးလာပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်သူ ၂၃၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။

Source: AFP