အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ရွှေဘိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီကြိုဆို

 

ရွှေဘို ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် အမှတ်(၁၁)ခြေမြန် တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက အဆိုပါတပ်ရင်းမုခ်ဦး၌ ကျင်းပသည်။

ကြိုဆိုပွဲတွင် ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသိန်းနိုင်ဝင်း၊ မြို့နယ်ကော်မတီဝင်များ၊ လူငယ်ရေးရာလူငယ်များ၊ အမျိုးသမီးရေးရာနှင့် ရပ်/ကျေးပါတီဝင် ၁ဝဝ ကျော်နှင့် ဝက်လက်မြို့နယ်ဥက္ကဋ္ဌ ဦးစိုးခိုင်နှင့်ကော်မတီဝင်လူငယ်များ၊ ခင်ဦးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းမြင့်နှင့်ကော်မတီဝင်များ၊ ရှေ့တန်းပြန်တပ်မတော်သားများ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများကို ပန်းကုံး၊ အောင်သပြေ၊ ဆပ်ပြာ၊ အချိုရည်ဘူးများဖြင့် ကြိုဆိုကြောင်း သိရသည်။

မိုးစက်လုလင်