မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက် လှူဒါန်း

 

ရန်ကုန် သြဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက် လှူဒါန်းခဲ့သည်။

ဆက်ကပ်လှူဒါန်းပွဲတွင် ဆရာဒါယကာကျောင်းဖြစ်သော ဟင်္သာတသုံးထပ်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူလျက် ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များအား အသီးသီး ဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကာ အမျှပေးဝေ ကုသိုလ်ပြုခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်၊ မြို့နယ် မိခင်/ကလေး စောင့်ရှောက်ရေးအသင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဘိုဘို(Ygn